ခင်မောင်တိုး
၏ပထမဆုံးသောဆီးရီးစ်ဖြစ်ပါတယ်။
ဒီသီချင်းက
မန်းလေးသူမန်းလေးသားနဲ့ သီချင်းလိုက်စားသူအချို့က
လွဲရင်
လူတော်တော်များများ မသိတဲ့ဆီးရီစ်လေး ပျောက်ကွယ်နေတဲ့ဆီးရီးလေး
တစ်ခုလဲဖြစ်ပါတယ်။
“ချစ်ပြီးတော့မုန်းမေ့တတ်တဲ့မင်းကို”သီချင်း
ကတော့
ခင်မောင်တိုးစတိတ်ရှိုးတိုင်းမှာ အမြဲဆိုလေ့ရှိတာ့ ကျနော်ကျောင်းသားဘ၀မှာ
ကတည်းက
အလွတ်ရနေတဲ့ အတော်လေးကိုနှစ်သက်ခဲ့တဲ့သီချင်းဖြစ်ပါတယ်
ခင်မောင်တိုးသီချင်းစ
ဆိုစဉ်ကာလမှာ ကုလားသီချင်းအလိုက်တွေနဲ့ “စိုးပိုင် “
အရမ်းနာမယ်ကြီးနေတဲ့အချိန်လည်းဖြစ်ပါတယ်။
ဒါကြောင့်လဲ
အခုဒီဆီးရီးစ်က သီချင်းတွေဆိုပေါက်တွေက စိုးပိုင်အရိပ်လွှမ်းမိုးမူ့ရှိနေသလို
ခံစားရပါတယ်။
ဒါကတော့
ကျနော်အမြင်ပါ။
ချစ်သောမိုးကတော့
ကော်ပီလို့ယူဆရပါတယ်။
“တိမ်ပြာပြာနေ့တစ်နေ့
ဆန်းဒေးမှာကွယ်”နဲ့အလိုက်တူနေလို့ပါ။
အဲဒီအထဲက
လွမ်းပုံပြင် သီချင်းကိုတော့ ခိုင်ထူးက တေးမြုံ့ငှက်စီးရီးစ်မှာပြန်လည်သီဆိုထားပါတယ်။
မျက်သွယ်ကတော့
တူးတူးလဲ ပြန်ဆိုဘူးပါတယ်။
1 လှည့်စားတတ်တဲ့အသဲ
2 အသဲစိမ်းနဲ့မိန်းမလှလေး
3 ချစ်ရတစ်ရက်လွမ်းရက်တစ်ရာ
4 မချစ်ဝံ့ဘူး
5 အချစ်အသဲံအလွမ်းအမုန်း
6 ချစ်သောမိုး
7 ညှို့သူ
8 ခိုးရာလိုက်ခဲ့ပါကွယ်
9 မျက်သွယ်
10 စိတ္တဇည ကမ္ဘာထဲဝယ်
11 ချစ်ပြီးတော့မုန်းမေးတတ်တဲ့မင်းကို
12 ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်
13 လွမ်းပုံပြင်
14 အချစ်ဆုံးရဲ့အချစ်ဆုံး
15မျက်လုံးနဲ့စကားပြောသူ
16အချစ်ရဲ့အရှင်တစ်ပါး
17 မင်းနဲ့ငါနဲ့
18 မာယာမိန်းကလေး
19အသဲံတံခါးပိတ်ထားတယ်
ကိုပေါက်
(14-1-2013)
No comments:
Post a Comment