Showing posts with label ကိုပေါက်(မန္တလေး)လက်ဆောင်အတွေးစဉ်ကဗျာများ. Show all posts
Showing posts with label ကိုပေါက်(မန္တလေး)လက်ဆောင်အတွေးစဉ်ကဗျာများ. Show all posts

Saturday, February 16, 2013

“မူန်ရီဝေေ၀ မန္တလေး”




ဆောင်းအဆင်း
နှင်းကြွင်းကမူန်ရီရီ။
ညိုနီနီ နန်းမြို့ရိုး ရယ်ကြောင့်
လွမ်းစိတ်က ဝေစီ။
ဟန်ချီချီ
လာပြန်ပြီ
လက်ပံနီတွေက
ပေးပြန်သည်ဒီအလွမ်းရယ်နဲ့
နန်းတစ်ခို
အလွမ်းပိုအောင်
ထန်ုးညိုညို
ညီနောင်အစုရယ်က
စိမ်းပြာလဲ့ ရေပြင်ဆီ
ပြေးဝင်ခစား
တားမရပါ
အလွမ်းဆာ
ငါ့ရဲ့စိတ်တွေက
ဝေးးးးးးးးးကာလ ဟို အတိတ်ဆီကို
မနှေးအမြန်
အပြေးပြန်လို့သွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ။

16-2-2013

Wednesday, February 6, 2013

“ကျွန်တော့်ရင်ထဲကို …………….. ရောက်မလာဘူး”



“ခုခေတ်ခလေးတွေများ ကျနော်တို့တုန်းကနဲ့ကွာပါ့ “
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိလောက်အောင်
အပ်ကြောင်းထပ်နေတဲ့စကား ။
သောက်လက်စဘီယာခွက်ကို အသာမ
လက်ကြားကစီးကရက်ကိုဆရင်း
“ မီးတတို့လောက်“လို့တောင်းရင်းပြောလိုက်တဲ့
မျက်မှန်ထူထူနဲ့လူရဲ့စကား
ကျနော့်ရင်ထဲကို …………………………….။

“အနိစ္စ၊ဒုက္ခ၊အနတ္တ၊”
“သေရင်ကိုယ့်နောက်ဘာမှ မပါဘူး၊
တွယ်ညိတဲ့တဏှာတွေဖြတ်ကြ
တရားတွေမှတ်ကြဟဲ့” လို့
အမြှုတ်ထွက်မတတ်ပြောရင်း
သုံးနာရီဒေါင် ဆိုတာနဲ့၊
“ဘာထွက်လဲ “လို့
စနေတနင်္ဂနွေမှာတောင် ယောင်ယောင်ပြီး
ခေါင်းထောင်ကာနားစွင့်တတ်တဲ့ တရားရှင်ရဲ့စကားများကလဲ
ကျနော့်ရင်ထဲကို …………………………….။

ကိုယ့်အမေထက်တောင်ပိုချစ်သယောင်နဲ့
“အမေ “လို့ “တ “ကြ။
ဖွဲ့နွဲ့ကြ ၊သဲသဲလှုပ်ကြ၊
ဝိုင်းဝန်းလို့ချီးပကြ၊ဂုဏ်တွေမြှောက်ပြကြပေမယ့်၊
အရေးဆို အပြင်ထွက်လျှောက်ဘို့မပြောနဲ့
လက်ကလေးတောင်ရဲရဲထောင်မပြရဲတဲ့
ယုံကြည်မူ့မခိုင်မာ လူ့ဗလာတွေရဲ့ စကားတွေကလဲ
ကျနော့်ရင်ထဲကို …………………………….။

ဟိုအရင်လက ဘယ်လောက်
ပြီးခဲ့တဲ့လကဘယ်လောက်
အခုထိဆိုရင်ဘယ်လောက်
ဒီအတိုင်းဆက်သောက်နေလို့ကတော့
နောက်ထပ်ပြီးမပေးနိုင်တော့ဘူးလို့
လက်ညိုးလေးထောက်ထောက်ပြီးပြောတတ်တဲ့
အကြွေးရှင်ရဲ့စကားတွေကလဲ
ကျနော့်ရင်ထဲကို …………………………….။


ကျနော့်ရင်ထဲကို …………………………….။
ကျနော့်ရင်ထဲကို …………………………….။
ကျနော့်ရင်ထဲကို …………………………….။
ကျနော့်ရင်ထဲကို …………………………….။

ကိုပေါက်(မန္တလေး) အတွေးစဉ်ကဗျာများ