Wednesday, March 13, 2013

“လမ်းဘေးကကျောက်ခဲလို့ဆိုခဲ့သူဇော်ဝမ်း”



“လမ်းဘေးကကျောက်ခဲလို့ဆိုခဲ့သူဇော်ဝမ်း”

မှတ်မှတ်ရရ ကျနော်တို့ဆယ်တန်းရောက်တဲ့အချိန်လောက်မှာ မန်းလေးသား ဂုတ်တိုတို အသားမဲမဲ အသံသိပ်ကောင်းတဲ့                    ” ဇော်ဝမ်း”ဆိုတာကောင်လေးဟာ
တစ်ခုသောသင်္ကြန်မှာ “ကျောက်ခဲ “ဆိုတဲ့သီချင်းလေးနဲ့ မန်းလေးက စလို့ တပြည်လုံးလူတွေရဲ့ရင်ထဲကို ဇွတ်ကို ၀င်လာပါတယ်။”မင်းရည်မှန်းသူက မြခဲ စိန်ခဲ ဒို့ကတော့လမ်းခင်းတဲ့ကျောက်ခဲ”ဆိုတဲ့စာသာလေးက အောက်ခြေလူတန်းစားကို ဦးစားပေးနေတဲ့ဆိုရှယ်လစ်ခေတ်နဲ့ကွက်တိပါဘဲ။
အဲဒီသီချင်းလေးက စလို့ ရုပ်ရှင်ဇာတ်ဝင်တေးတွေမှာ ပါတိုင်းနာမယ်ကြီးတဲ့ “နှင်းရည်စိုလူးရာသီဦးဝယ် ပွင့်လွှာဖြူဖွေးမာလာလေးရယ် “ဆိုတဲ့ ” သဇင်”ရွှေကိန္နရီလား သူဇာလား” ပုစ္ဆာဆန်သောမိန်းကလေး” ဆိုတဲ့သီချင်းတွေရယ်
ချိုပြုံးနဲ့တွဲဖက်လို့ ဆိုတဲ့ “ရန်ကုန်သားနဲ့မန်းလေးသူ ” တို့လို“ချစ်လွန်းသူအမျိုးသမီးများများ………”တို့လိုအစပြုလို့မရေတွက်နိုင်သော ဇော်ဝမ်းရဲ့သီချင်းလေးများနဲ့တစ်တိုင်းတစ်ပြည်လုံးဖုံးလွှမ်းသလိုကျနော်ရင်မှာငြိနေတဲ့သီချင်းတွေပါ။

ဘယ်သီချင်းတွေဘယ်လောက်ကောင်းခဲ့ကောင်းခဲ့ဇော်ဝမ်းရဲ့သီချင်းတွေထဲမှာ အမျိုးသားစာတတ်မြောက်ရေး “အသုံးလုံး”လှုပ်ယှားမူ့မှာ တက္ကသိုလ်ကျောင်းသားတွေ တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ကြတာကို ဖွဲ့ဆိုထားတဲ့ “စိန်ပန်းကတ္တရာမြေမှ ခွာ ပြည့်သူမေတ္တာရင်ခွင်မှာ……….. “စာသားလေးတွေပါတဲ့ “ပြည်သူခေါ်သောဘ၀လမ်း “ကတော့ မေ့မရအနိုင်ဆုံး သီချင်းလေးလို့ သတ်မှတ်ချင်ပါတယ်။
မန်းလေးသားဆိုတော့လဲ မန်းလေးသားဆိုတာကိုသူများထက်ပိုအားပေးခဲ့တယ်ဆိုရင်လဲ မငြင်းပါဗျာ။

(နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ်ဦးနှောက်တွင်ရပ်တန့်နေသော.
.ဆောင်းပါးမှ ကောက်နုတ်ချက်)

အောက်ကသီချင်းတွေကတော့ ရုပ်ရှင်တွေမှာလည်းသရုပ်ဆောင် သလို
ကို်ယ်တိုင်လဲဆိုခဲ့တဲ့ ကမ္ဘာမြေကနေလွတ်မြောက်သွားပြီဖြစ်တဲ့ဇော်ဝမ်းရဲ့ရှားပါးသီချင်းလေးများပါဘဲ။


မညိုဘဲရွာတဲ့မိုး http://minus.com/lbc7wL0zdW5Ast#
ညဉ့်ငှက် http://minus.com/lMvfqvMKOpBDT#
ချစ်ရတဲ့အကြောင်း http://minus.com/lKNrMI18817jQ#
အသည်းဖျက်မလေး http://minus.com/lbvkGNA5TyjTHZ#
အသည်းတစ်ထောင်ဆင်ပါမယ့် http://minus.com/lbn46cuxEfBD7x#


ကိုပေါက်လက်ဆောင်ဂီတပန်းပွင့်များ
13-3-2013

No comments:

Post a Comment