Sunday, January 27, 2013

ငါးဒုက္ခနဲ့ ငါ့ဒုက္ခ




ငါးကလေးရဲ့ ရင်ကိုခွဲ၊
ကလီစာတွေဆွဲထုတ်
ဟောင်းလောင်းဖြစ်သွားတဲ့
ဗိုက်ကလေးထဲကို
အမွှေးနံ့သာ အဆာပလာတွေ
ထိုးသိပ်လို့ထည့်။
ပြီးရင်နှီးကြိုးနဲ့ပြန်တုပ်၊
မလှူပ်နိုင်ဘူးဆိုမှ
ဝါးတံစို့ထိုးလို့  ဖိုပေါ်တင်
မီးအေးအေးနဲ့ ကင်လိုက်တော့
“ငါးဒုက္ခ” လို့အမည်တွင်ပါတယ်။

စကတည်းက ဘာမှမရှိတဲ့
ငါ့ဦးနှောက်ထဲကို
အယူဝါဒ အပုတ်အဆွေးတွေ
ထိုးသိပ်ထည့်လိုက်တာများ
ပြည့်နှက်လို့ မကျိုးရုံတမယ်။

ပြီးရင် မဆုံးနိုင်သော
ကတိစကားများနဲ့နှောင်တုပ်
မရုန်းနိုင်တော့ပါဘူးဆိုမှ
အသပြာနဲ့တံစို့ထိုး
ကျေးဇူးတရားပေါ်မှာတင်ပြီး
မရူး မချင်းကင်နေတော့
တော်ပါတော့
“ငါ့ဒုက္ခ” လို့သာ အော်လိုက်ချင်ပါတယ်။

ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ
24-1-2012



Tuesday, January 22, 2013

ခင်မောင်တိုး ကျေးဇူးတင်တယ်ကမ္ဘာကြီးရယ်




ခင်မောင်တိုး ၏ပထမဆုံးသောဆီးရီးစ်ဖြစ်ပါတယ်။
ဒီသီချင်းက မန်းလေးသူမန်းလေးသားနဲ့ သီချင်းလိုက်စားသူအချို့က
လွဲရင် လူတော်တော်များများ မသိတဲ့ဆီးရီစ်လေး ပျောက်ကွယ်နေတဲ့ဆီးရီးလေး
တစ်ခုလဲဖြစ်ပါတယ်။

“ချစ်ပြီးတော့မုန်းမေ့တတ်တဲ့မင်းကို”သီချင်း
ကတော့ ခင်မောင်တိုးစတိတ်ရှိုးတိုင်းမှာ အမြဲဆိုလေ့ရှိတာ့ ကျနော်ကျောင်းသားဘ၀မှာ
ကတည်းက အလွတ်ရနေတဲ့ အတော်လေးကိုနှစ်သက်ခဲ့တဲ့သီချင်းဖြစ်ပါတယ်

ခင်မောင်တိုးသီချင်းစ ဆိုစဉ်ကာလမှာ ကုလားသီချင်းအလိုက်တွေနဲ့ “စိုးပိုင် “
အရမ်းနာမယ်ကြီးနေတဲ့အချိန်လည်းဖြစ်ပါတယ်။
ဒါကြောင့်လဲ အခုဒီဆီးရီးစ်က သီချင်းတွေဆိုပေါက်တွေက စိုးပိုင်အရိပ်လွှမ်းမိုးမူ့ရှိနေသလို
ခံစားရပါတယ်။
ဒါကတော့ ကျနော်အမြင်ပါ။

ချစ်သောမိုးကတော့ ကော်ပီလို့ယူဆရပါတယ်။
“တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်”နဲ့အလိုက်တူနေလို့ပါ။
အဲဒီအထဲက လွမ်းပုံပြင် သီချင်းကိုတော့ ခိုင်ထူးက တေးမြုံ့ငှက်စီးရီးစ်မှာပြန်လည်သီဆိုထားပါတယ်။
မျက်သွယ်ကတော့ တူးတူးလဲ ပြန်ဆိုဘူးပါတယ်။

1 လှည့်စားတတ်တဲ့အသဲ
2 အသဲစိမ်းနဲ့မိန်းမလှလေး
3 ချစ်ရတစ်ရက်လွမ်းရက်တစ်ရာ
4 မချစ်ဝံ့ဘူး
5 အချစ်အသဲံအလွမ်းအမုန်း
6 ချစ်သောမိုး
7 ညှို့သူ
8 ခိုးရာလိုက်ခဲ့ပါကွယ်
9 မျက်သွယ်
10 စိတ္တဇည ကမ္ဘာထဲဝယ်
11 ချစ်ပြီးတော့မုန်းမေးတတ်တဲ့မင်းကို
12 ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်
13 လွမ်းပုံပြင်
14 အချစ်ဆုံးရဲ့အချစ်ဆုံး
15မျက်လုံးနဲ့စကားပြောသူ
16အချစ်ရဲ့အရှင်တစ်ပါး
17 မင်းနဲ့ငါနဲ့
18 မာယာမိန်းကလေး
19အသဲံတံခါးပိတ်ထားတယ်



  ကိုပေါက်
(14-1-2013)




ခင်ဝမ်းနဲ့မွန်းအောင်





ကျနော်ကိုယ်တိုင်လဲ သီချင်းနှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။
အဲတော့ ရသမျှသီချင်းလေတွကို လိုက်ဒေါင်းလုပ်ဆွဲပြီးယူထားလိုက်ပါတယ်။
ဖေ့စ်ဘုတ်က မြန်မာသံလေးတွေနားထောင်ရအောင်ဆိုတဲ့အဖွဲ့လေးထဲကိုရောက်သွားတယ်အခါ
ခေတ်ဟောင်းရေဒီယိုသီချင်းတွေကို  ဒေါင်းလုပ်ဆွဲပြီးယူထားသလို့ ကိုယ့်ရှိတာလေးတွေကိုလဲ ပြန်မျှဝေဖြစ်ပါတယ်။
အဲဒီကနေ တစ်ဆင့်
www.minus.com ဆိုတဲ့သီချင်းဆိုက်ကလေးနဲ့ချိတ်မိသွားပါတယ်။
အဲဒီမှာကျနော် ရှိတဲ့သီချင်းလေးတွေကို စမ်းတင်ဖြစ်သွားပါတယ်။
အဲတော့ ရွာထဲက မိတ်ဆွေများကို ပြန်မျှဝေပေးလိုက်ပါတယ်။
ကျနော်ပေးလိုက်တဲ့လင့်ကို ကော်ပြီးကူးပြီး ၀င်လိုက်ရင် အလွယ်နဲ့သီချင်းလေးတွေရနိုင်ပါတယ်။
တစ်ခုတော့ရှိပါတယ် ကော်နက်ရှင်မကောင်းရင်တော့ နည်းနည်းအခက်အခဲရှိနိုင်ပါတယ်။
တကယ်လို့အဆင်ပြေတယ်ဆိုရင် ကျနော်သီချင်းတွေထပ်တင်ပေးပါမယ်။
လောလောဆယ်တော့ ကျနော့် မှာရှိတဲ့သီချင်းတွေကို စမ်းတင်ပေးလိုက်ပါမယ်၊

နှင်းစက်နဲ့လမ်း မွန်းအောင်
http://kopaukmdy.minus.com/l1XI67yWOpFmy
ဆယ်လမွန်ငါးတို့အပြန် ခင်ဝမ်း
http://kopaukmdy.minus.com/lbbTMimeNKO5ZW
တောင်ပေါ်သူ ခင်ဝမ်း
http://kopaukmdy.minus.com/lk3iESZhrqmH8
ငြိမ်သက်ခြင်း မွန်းအောင်
http://kopaukmdy.minus.com/lgveEEdNFTWzw
မိုးလုံးမိုင်း
http://minus.com/lGxl9Hhx2vGHp#
ရိုးရိုးလေး မွန်းအောင်
http://minus.com/lbeQ0N4hG2fm07#
ယု မွန်းအောင်
http://minus.com/lbfVSlU6FiNk5a#
ကုန်လွယ်လွန်းလိုက်တာလေ မွန်းအောင်
http://minus.com/lhfi2XI4Lmq7M#
သဇင်ကြွေတဲ့ဆောင်း မွန်းအောင်
http://minus.com/lOQKqo1HmlVIS#
ရင်ခတ်ပန်း မွန်းအောင်
http://minus.com/lvWV6JCOLnjnB#
နွေလည်မိုးဦး မွန်းအောင်
http://kopaukmdy.minus.com/lHB6ikt8FSLHy
ပန်းစိုက်သူတို့ ဝေဒနာ မွန်းအောင်
http://minus.com/l0Of3j69uxkZ1#
ဝတ်မူန် မွန်းအောင်
http://minus.com/lvRnjjoLIdbRd#
ကိုပေါက်လက်ဆောင် ဂီတပန်းပွင့်များ 


   ကိုပေါက်
(၂၃.၁.၂၀၁၃)